အိန္ဒိယအမျိုးသမီးတွေဆံပင်အုံထူပြီးဆံပင်သန်နေတဲ့လျှို့ဝှက်ချက်(၇)ခုဆံပင်ဆိုတာဟာလူတစ်ယောက်ရဲ့ပုံပန်းသွင်ပြင်ကို ပေါ်လွင်စေပြီး နာမည်ကြီးဂုဏ်တက်စေတဲ့ အရာတစ်ခုပါဆံပင်ကိုလူရဲ့ဒုတိယမျက်နှာလို့တောင်တင်စားကြပါ
သေးတယ်အိန္ဒိယကားကြည့်ရင်အမျိုးသမီးအများစုဟာဆံကေသာ ကောင်းမွန်တာကို တွေ့မြင်ရပါတယ်အဲ့ဒါကြောင့်သူ့တို့တွေဘာကြောင့်ဒီလောက်ဆံပင်ကောင်းနေရလဲဆိုတဲ့အကြောင်းတွေကိုပြောပြပေးသွားပါမယ်နော်
၁။Balayam လေ့ကျင့်ခန်း ပြုလုပ်ခြင်းဒီလေ့ကျင့်ခန်း ယောဂလေ့ကျင့်နည်းတစ်မျိုးပါပဲလက်သည်းတွေကို အချင်းချင်း(၅)မိနစ်လောက်ပွတ်တိုက်ရတာပါပွတ်တိုက်တဲ့အခါမှာတော့ လက်မတွေကို ထောင်ပေးထားရပါတယ်
ဒီလိုပွတ်ခြင်းကလက်သည်းအောက်က သွေးစီးဆင်းမှုကိုလှုံ့ဆော်ပေးတာကြောင့်ဆံကေသာကြီးထွားမှုကို မြန်ဆန်စေပါတယ်၂။Shikakai ကိုအသုံးပြုပါShikakaiဆိုတာကတော့အိန္ဒိယမှာ ပေါက်တဲ့အပင် ဖြစ်ပြီးတော့ဆံပင်ကို
များစွာအကျိုးရှိစေပါတယ်သဘာဝဆံပင်သန်ဆေးလို့လူသိများပြီးတော့ဗီတာမင် A,D,E,K နဲ့ antioxidantsဓာတ်စတာတွေနဲ့ ပြည့်ဝနေပါတယ်Shikakaiရဲ့အခွံ၊အခေါက်၊အရွက်တွေကိုအမှုန့်ခြေပြီး ရေနဲ့ခေါင်းကိုလိမ်းရင်
စေးကပ်ကပ်ဖြစ်နေပေမယ့် ဆံပင်ကျွတ်တာတွေ၊ ဗောက်ထတာတွေ၊ဆံပင် ၂ခွ ဖြစ်တာတွေကနေကာကွယ်ပေးပါတယ်၃။ဆံပင်လိမ်းအဆီများကိုသုံးပါဆံပင်ကို အဆီပေးတဲ့နည်းက ရှေးနှစ်ပေါင်းများစွာကတည်းက အိန္ဒိယမှ
ကျင့်သုံးခဲ့ကြတာပါဒီလိုလိမ်းတာဟာ ဆံပင်ထဲကိုအဆီဓာတ် ပြန်လည်ဖြည့်တင်း ပေးပါတယ်ဆံပင်လိမ်း အဆီတစ်မျိုးမျိုးကို ဆံပင်မှာလိမ်းပေးပြီးဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါအိန္ဒိယမှာအသုံးများတဲ့ဆံပင်လိမ်းအဆီ
တွေကတော့အုန်းဆီ၊ကြက်ဆူဆီဗာဒံဆီတို့ ဖြစ်ပါတယ်၎။ကျစ်ဆံမြီးကျစ်ပါအိန္ဒိယအမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆံပင်ကို ကျစ်ဆံမြီးကျစ်ခဲ့ကြပါတယ်။ ဒါဟာ ဆံပင်ကြီးထွားဖို့ အလွန်အထောက်အကူ
ပြုပါတယ်ကျစ်ဆံမြီးကျစ်တာကဆံပင်အချင်းချင်းပွတ်တိုက်မှုကို လျော့ကျစေပြီးတော့အရှည်ကိုလည်း မြန်စေပါတယ်၅။ဆံပင်ကို ပေါင်းတင်ပါဆံကေသာတွေခြောက်သွေ့နေတဲ့အချိန်မှာ ပေါင်းတင်တာကအကောင်းဆုံးဖြေရှင်းနည်း
ပါပဲဒီလို ပေါင်းတင်တာကကုန်ခမ်းသွားတဲ့အာဟာရနဲ့အစိုဓာတ်တွေကို ပြန်လည်ဖြည့်တင်း ပေးပါတယ်ပျားရည်၊ ထောပတ်သီး၊ဒိန်ချဉ်၊သျှားစောင်းလတ်ပတ် တို့နဲ့တင်ပဲအိမ်မှာမိမိကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်
၆။HennaကိုအသုံးပြုပါHennaဆိုတာကတော့အမဲရောင်သဘာဝဆိုးဆေးအပင်ပဲဖြစ်ပါတယ်သူ့မှာမှိုကိုဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိပါတယ်ဒါဟာဗောက်ထတာကိုကာကွယ်ပေးပြီးဆံပင်ကျွတ်တာကိုလည်းသက်သာစေနိုင်ပါတယ်
ပြီးတော့ဆံပင်ကို ပျော့ပျောင်းစေတဲ့ဗီတာမင်Eလည်းပါဝင်ပါတယ်၇။ကြက်ဥကိုအသုံးပြုပါဆံပင်ကိုအားကောင်းစေဖို့အတွက်၁၁ရာစုကတည်းကြက်ဥကိုအသုံးပြုခဲ့ကြပါတယ်ကြက်ဥမှာဆံသားကို
တောက်ပြောင်စေတဲ့ပရိုတင်းနဲ့အဆီဓာတ်တွေပါဝင်ပါတယ်ကြက်ဥကို ဆံပင်အပေါ်တွေဒါမှမဟုတ် ဆံပင်အမြစ်တွေကို လိမ်းပေးတာနဲ့တင်ကိုသင့်အတွက်အကျိုးရှိစေပါတယ်