မြန်မာတနိုင်ငံလုံးမှာရေးဆွဲသူအနည်းငယ်သာရှိတော့တဲ့ရှားစပါးစာရင်းဝင်ပုလင်းပန်းချီအကြောင်းပုလင်းပန်းချီနဲ့ပြည်မြို့ကပန်းချီဇင်မောင်တာအချင်းတစ်လက်မလောက်သာရှိတဲ့အဝလေးမှတစ်ဆင့်ပန်းချီစုတ်တံထည့်သွင်းကာပုလင်းရဲ့
အတွင်းမျက်နှာပြင်ပေါ်မှာခက်ရာခဲဆစ်ရေးဆွဲရတဲ့အနုပညာမျိုးတစ်ခုပါစက္ကူတို့၊ကင်းဗတ်တို့ပေါ်မှာပန်းချီကားရေးဆွဲရသလိုမျိုးမဟုတ်ပါဘဲပုလင်းရဲ့ဝေ့ဝိုက်နေတဲ့မျက်နှာပြင်မှာစိတ်ရှည်ရှည်နဲ့လက်ဝင်စွာဖန်းတီးရတဲ့အနုပညာမျိုးဖြစ်ပြီး
လိုရာဇတ်ရုပ်ကိုအမှားမခံဘဲရေးဆွဲရပါတယ်မြန်မာနိုင်ငံမှာပုလင်းပန်းချီကို၁၉၆၃ခုနှစ်မှာစတင်ခဲ့တယ်လို့ဆိုရပါမယ်ဆရာမကြီးဒေါ်စောမုံညင်းတရုတ်ပြည်လေ့လာရေးခရီးသွားရင်းပုလင်းပန်းချီကိုစတင်တွေ့ရှိခဲ့ပါတယ်
ပုလင်းပန်းချီကိုမြန်မာပန်းချီဆရာများဆွဲစေလိုတဲ့စိတ်စေတနာနဲ့ဆရာမကြီးကပုလင်းပန်းချီအကြောင်းကို၁၉၆၃ခုနှစ်ဧပြီလထုတ်ယဉ်ကျေးမှုမဂ္ဂဇင်းမှာဆောင်းပါးရေးသားခဲ့ရမြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိပန်းချီပန်းပုပညာရှင်များထဲကမှ
ဦးညိုလေးဆိုတဲ့ပန်းချီပညာရှင်တစ်ဦးသာလျှင်ဆောင်းပါးကိုသေချာဖတ်ပြီး၊အနှစ်၂၀ခန့်ကြာအောင်ကြိုးစားလေ့ကျင့်တီထွင်ခဲ့ပြီးနောက်၁၉၈၅ခုနှစ်မှာပုလင်းပန်းချီဆိုတဲ့အနုပညာတစ်ရပ်ပေါ်ပေါက်လာတာဖြစ်ပါတယ်မြန်မာပြည်မှာ
လူမသိသေးတဲ့ပုလင်းပန်းချီပညာရှင်တွေရှိနေနိုင်ပေမယ့်အနည်းငယ်သာကျန်ရှိပါတော့တယ်ဆိုတာတော့သေချာပါတယ်အဲဒီမှာမှထင်ရှားသူတွေကတော့မြန်မာပြည်မှာပုလင်းပန်းချီကိုစတင်ရေးဆွဲခဲ့တဲ့မန္တလေးကဆရာဦးညို
လေး(ကွယ်လွန်)နဲ့လက်ရှိတွင်ရေးဆွဲနေတဲ့သူ့ရဲသားသမီးတွေမန္တလေးမြို့စွန်ဗားကရာကျောင်းတိုက်နားကဆရာဦးချစ်မြနဲ့သားတွေ၊ပုဂံမြို့ကဆရာယောနသန်နဲ့ပြည်မြို့ကပန်းချီဇင်မောင်တာတို့ပဲဖြစ်ပါတယ်။သူတို့တွေထဲကမှမြန်မာပြည်မှာ
ပုလင်းပန်းချီကိုစတင်ရေးဆွဲခဲ့တဲ့မန္တလေးကပညာရှင်ဆရာဦးညိုလေးကွယ်လွန်အကြောင်းကိုဂုဏ်ပြုဆောင်းပါးရေးပြီးသားမို့ပြည်မြို့ကပန်းချီဇင်မောင်တာအကြောင်းဆက်ပါရစေ။ပန်းချီဆရာဇင်မောင်တာကိုအဖဦးကိုကိုတာပြည်မြို့
သတင်းထောက်အမိဒေါ်ခင်အုန်းမြင့်တို့ကမွေးဖွားခဲ့ပြီးပြည်မြို့မှာပဲချက်မြှုပ်ခဲ့ပါတယ်မွေးချင်း၇ယောက်ရှိပြီး၅ယောက်မြောက်သားဖြစ်ပါတယ်။အခုလက်ရှိမှာပန်းချီဇင်မောင်တာကအခုအသက်၄၀ဝန်းကျင်လောက်ထိဝမ်းစာကိုပန်းချီ၊
ပန်းပု၊ပုလင်းပန်းချီ၊ပုလင်းပန်းပုတွေလုပ်ရင်းနဲ့ပဲပြည်မြို့မှာပဲနေထိုင်နေပါတယ်အခြားcommercialအလုပ်တွေဖြစ်တဲ့ဆိုင်းဘုတ်ရေးဆွဲခြင်းဘုရားစောင်းတန်းတွေမှာဗုဒ္ဓဝင်ပုံများရေးဆွဲခြင်းစတဲ့ပန်းချီအနုပညာနဲ့ပတ်သက်တဲ့အလုပ်
တွေလည်းလုပ်နေပါတယ်ပြုလုပ်သူရှားပါးတဲ့ပုလင်းပန်းချီကိုဆက်လက်လုပ်ဆောင်တော့မယ်လို့ခံယူချက်ချရင်းတစ်ကိုယ်တော်ပြပွဲလေးလုပ်ချင်တဲ့ဆန္ဒရှိကြောင်းနဲ့လက်ရှိပုလင်းပန်းချီအလုံး၅၀လောက်လုပ်ပြီးရောင်းရတဲ့ငွေနဲ့မိဘမဲ့ကလေး
တွေလှူဖို့ဆန္ဒရှိကြောင်းသူ့ဆန္ဒလေးတွေနဲ့ဘဝတစ်စိတစ်ပိုင်းသိခွင့်ရခဲ့ပါတယ်ပုလင်းပန်းချီများကိုဆက်သွယ်မှာယူချင်တယ်ဆိုရင်ပန်းချီဇင်မောင်တာဖုန်းနံပါတ်09682624491၊ရွှေဆံတော်ဘုရားကြီးအနီးမြောက်ဆောင်းတန်းလမ်းအမှတ်(၂)ရဲစခန်းတိုက်တန်းလျား၊အခန်း(၁)ပြည်မြို့ဖြစ်ပါတယ်။