မြန်မာ့အခေါက်ရွှေဈေးတရက်အတွင်းကျပ်၁သိန်းကျော်ထပ်မံကျဆင်းန်မာ့အခေါက်ရွှေဈေးဟာဒီကနေ့စက်တင်ဘာ၂၈ရက်မှာတကျပ်သားကို၂,၅၉၀,၀၀၀ကျပ်ဝန်းကျင်ရှိပြီးတရက်အတွင်းကျပ်တသိန်းကျော်ထပ်မံကျဆင်းခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ ဈေးနှုန်းဖော်ပြချက်အရမနေ့ကအခေါက်ရွှေတကျပ်သားကိုကျပ်၂၇သိန်းဝန်းကျင်မှာ ဈေးပိတ်ခဲ့ပြီးဒီနေ့ညနေပိုင်းမှာတော့တကျပ်သားကို၂၆သိန်းအောက်ထိ ပြန်လည်ကျဆင်းခဲ့တာပါ

ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေးဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေးထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေကဆိုပါတယ်မနေ့က ပြင်ပဒေါ်လာပေါက်ဈေးဟာတဒေါ်လာကို၃,၁၀၀ကျပ်ဝန်းကျင်ရှိခဲ့ပြီး

ဒီကနေ့မှာတော့တဒေါ်လာကျပ်၃,၀၀၀ အောက်ကို ပြန်ကျဆင်းခဲ့ပါတယ်တရက်အတွင်းတဒေါ်လာကို မြန်မာငွေကျပ်၁၀၀ကျော်၊ရွှေဈေးကတကျပ်သားကိုကျပ်တသိန်းကျော်ပြန်လည်ကျဆင်းခဲ့တာပါကမ္ဘာ့ရွှေပေါက်ဈေးကလည်းမနေ့က

တအောင်စကို၁,၆၃၄ ဒေါ်လာဖြစ်ပြီးဒီနေ့ညနေပိုင်းမှာတော့တအောင်စကို၁,၆၁၉ ဒေါ်လာထိထပ်မံကျဆင်းလာခဲ့ပါတယ်ဒီနေ့ရန်ကုန်တိုင်းရွှေအသင်းရဲ့ရည်ညွှန်းဈေးနှုန်းကတော့အခေါက်ရွှေတကျပ်သားကို၁,၉၁၄,၀၀၀ ကျပ်ဖြစ်ပြီးပြင်ပ

ဈေးကွက်ပေါက်ဈေးနဲ့ကျပ်၇သိန်းနီးပါးကွာဟနေပါတယ်ပြီးခဲ့တဲ့သြဂုတ် ၃၁ရက်ကတော့အခေါက်ရွှေတကျပ်သားကိုကျပ်၃၅သိန်းအထက်ထိသမိုင်းတလျှောက်စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြင်ပ ဒေါ်လာငွေလဲနှုန်းကကျပ်၅,၀၀၀နီးပါးထိစံချိန်တင်ခဲ့ပါတယ်