ဆောင်းတွင်းမနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့တိုက်ပွဲဝင်ရသူတွေရှိသလားဒါဆိုရင်တော့ဒီစာစုလေးကသင့်ကိုပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်လေ့လာသူတွေကဆောင်းရာသီမှာဘာလို့နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့အကြောင်းပြချက်လေးများကို
တင်ပြထားကြပါတယ်။(၁)ဆောင်းတွင်းမှာရေနေ့တိုင်းမချိုးလည်း ရတာပဲလေ။ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခုဖြစ်ပါတယ်ကျွမ်းကျင်သူများ
အဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့သိရပါတယ်ဒါကြောင့်ဆောင်းတွင်းမှာမလိုအပ်ဘဲနေ့စဉ်ရေမချိုးသင့်ပါဘူး(၂)သင်ဟာညစ်ပတ်သူတစ်ယောက်မဟုတ်ရင်ပေါ့
လေ့လာချက်များအရကျွန်မတို့အရေပြားဟာအညစ်အကြေးတွေကိုသူ့အလိုလိုသန့်စင်နိုင်ပါတယ်ဒါကြောင့်သင်ဟာ ချွေးအလွန်ထွက်တတ်သူသို့မဟုတ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူဆိုပါက ရေချိုးဖို့လိုအပ်ပေမယ့် ချွေးသိပ်မထွက်
တဲ့ သူတွေအနေနဲ့ဆောင်းတွင်းမှာရေတစ်ရက်တလေမချိုးတာဟာကိစ္စမရှိပါဘူး။(၃)ရေချိုးခြင်းကြောင့်အရေပြားခြောက်သွေ့စေတယ်လေသင်ဟာဆောင်းတွင်းမှာရေအေးနဲ့ ရေချိုးရမှာကြောက်ပြီးရေနွေးနဲ့ချိုးနေမိပါသလားဒါဆိုရင်
သင့်အနေနဲ့ ကောင်းကျိုးထက်ဆိုးကျိုးပိုများနိုင်ပါပြီဘာလို့ဆိုရင် ရေနွေးကြောင့်အရေပြားကိုအစိုဓာတ်ပေးတဲ့သဘာဝအဆီတွေကိုပျက်စီးစေလို့အသားခြောက်စေပါတယ်မဖြစ်မနေချိုးရမယ်ဆိုပါကအချိန်တိုအတွင်းအပြီးချိုးသင့်ပါတယ်
(၄)အရေပြားပေါ်ကကောင်းကျိုးပြုဘက်တီးရီးယားတွေသေစေတယ်အရေပြားကိုကာကွယ်ဖို့နဲ့ကျန်းမာစေဖို့ကောင်းကျိုးပြုဘက်တီးရီးယားတွေကိုအရေပြားကထုတ်လုပ်ပေးပါတယ်သင်ဟာနေ့စဉ်ရေချိုးမယ်ဆိုပါကထိုဘက်တီးရီးယားတွေ
ဂိစေနိုင်တာမို့ ဆောင်းတွင်းလိုကာလမှာ၂-၃ရက်တစ်ကြိမ်သာရေချိုးသင့်ကြောင်းအရေပြားဆရာဝန်တွေအကြံပေးထားပါတယ်(၅)လက်သည်းတွေပျက်စီးစေတယ်ဆောင်းတွင်းမှာရေနွေးဖြင့် နေ့စဉ်ရေချိုးပါကလက်သည်းတွေ
နူးအိပြီးကျိုးလွယ်စေမှာနော်ဒါလည်း နေ့တိုင်း ရေမချိုးသင့်တဲ့အချက်တွေထဲကတစ်ခုပါ(၆)ရေ မဖြုန်းပါနဲ့လေ့လာချက်တွေအရလူတစ်ယောက်ဟာ ရေ တစ်ခါချိုးတိုင်းရေ၅၅လီတာကုန်ပါတယ်ဒါကြောင့် ဆောင်းတွင်းမှာ ချမ်းတာနဲ့ရောပြီး ရေကို တစ်ပါတည်း ချွေတာနိုင်ပါသေးတယ်။လေပြေနုသွေး(ဆေး-၂)credit